၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလနှင့် မေလအတွင်း ငွေကျပ်သန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၃၄,၀၀၀ ကျော် ရောင်းချပေးခဲ့”

(စိုက်ပျိုးရေး) ဇွန် ၃၀

(စိုက်ပျိုးရေး) ဇွန် ၃၀၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလနှင့်မေလအတွင်း သမဝါယမအသင်းများက ငွေကျပ်သန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၃၄,၀၀၀ ကျော်ကို ဖြန့်ဖြူးရောင်းပေးခဲ့ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရပါတယ်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေနဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိုက်ပျိုးတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို အဆင်ပြေစွာလုပ်ကိုင် ဆောင်ရွက် နိုင်ပြီး လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် သွင်းအားစုများကို ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။

ဧပြီလအတွင်းက ငွေကျပ် ၃၁၆ ဒသမ ၈၀၂ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၃,၈၄၇ အိတ်နှင့် မေလအတွင်း ငွေကျပ် ၂,၁၆၃ ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၃၀,၃၃၀ စုစုပေါင်းငွေကျပ် ၂,၄၈၀ ဒသမ ၇၄၃ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၃၄,၁၇၇ အိတ် ဖြန့်ဖြူးရောင်းချပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဓာတ်မြေဩဇာအိတ်များကို ဧပြီလမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိ မြို့နယ် ၁၂ မြို့နယ်နှင့် မေလမှာ မြို့နယ် ၃၆ မြို့နယ်တို့တွင်ရောင်းချပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကတင်သွင်းထားသည့် ပမာဏကို အခြေခံပြီး ယခုဘဏ္ဍာနှစ်မှာ ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

#PAN