အေးချမ်းစွာခရီးသွားလာနေသောပြည်သူများအား အကြမ်းဖက် PDF အဖွဲ့များက ရန်ငြိုးဖွဲ့တိုက်ခိုက်


(ပြည်တွင်း) ဇွန် ၃၀

ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မုံရွာ-မန္တလေး ခရီးသည်တင်ကား ၅ စီးကို ချောင်းဦးမြို့နယ်၊ ငါးယှဉ်ကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့များက တရုတ်စက်လတ်များအပါအဝင် လက်နက်ငယ်မျိုးစုံတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ခရီးသွားပြည်သူ ၂၉ ဦး ပြင်းထန်ဒဏ်ရာများ ရရှိကြောင်း သိရသည်။

သေဆုံသူအမျိုးသမီး ၁ ဦးမှာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး ပြင်းထန်ဒဏ်ရာသူများမှာ ၂၄ ဦး ရှိကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါမုံရွာ-မန္တလေးကားလမ်းမကြီးကို အကြမ်းဖက် PDF များမှ ပြည်သူများထိခိုက်စေရန် မိုင်းထောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေ၍ ယခင်လ ပိုင်းများကတည်းက လုံခြုံရေးအဖွဲ့များမှ မိုင်းများဖယ်ရှားရှင်းလင်းခြင်း၊ လုံခြုံရေး တင်းကြပ်မှုများဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အကြမ်းဖက် PDF များ ဆက်ကြေးကောက်ခံခြင်း မပြုလုပ်နိုင်တော့သည့်အတွက် လုံခြုံရေးအဖွဲ့များနှင့် ပြည်သူများ အထင်အမြင်လွှဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #ZN