အငြိမ်းစား ကျောင်းဆရာဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ ရက်ရက်စက်စက် သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်းစမ်းကျေးရွာနေ ကျောင်းဆရာ(အငြိမ်းစား)ဖြစ်သူအား အကြမ်းဖက် ၅ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ၎င်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်ခန့်က အငြိမ်းစားကျောင်းဆရာဖြစ်သူ ဦးစောမောင်၊ အသက် ၇၉ နှစ်ခန့် သည် နေအိမ်၌ ရှိနေစဥ် လူသတ် အကြမ်းဖက် PD Fအဖွဲ့မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာ၏ မြောက်ဘက်သို့ ခေါ်ဆောင်သွားကာ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ #ZN