“အင်္ဂလန်အသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဂေါ်ဒွန်”


(အားကစား) ဇွန် ၃၀


စက်ဘီးမှောက်ပြီး ဒဏ်ရာရခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒွန် ဟာ ဇွန်လ ၂၇ ရက်မှာ ပြုလုပ်တဲ့ အသင်းလေ့ကျင်းရေးမှာ ပြန်လည်ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။

ဂေါ်ဒွန် ဟာ အင်္ဂလန်အသင်းဖော်တွေနဲ့အတူ စက်ဘီးစီးထွက်ခဲ့ရာမှ စက်ဘီးမှောက်ပြီး မေးစေ့၊ နှာခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဂေါ်ဒွန် အတွက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အခုပါဝင်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဂေါ်ဒွန် အနေနဲ့ အခုလိုအသင်းနဲ့အတူ ပူးပေါင်းလာနိုင်ခဲ့တာက အင်္ဂလန်အသင်းအတွက်လည်း ဝမ်းသာစရာ ဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် စလိုဗက်ကီးယားနဲ့ ယနေ့ ဇွန်လ ၃၀ ရက်မှာ ကစားရမှာဖြစ်ပါတယ်။

#PAN