“ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ခုနစ်ခုကို ဇွန်လအတွင်း ခွင့်ပြုပေးခဲ့”

(စီးပွားရေး) ဇွန် ၃၀

ဇွန်လ ၂၆ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၆/၂၀၂၄) ၌ လက်ရှိဇွန်လမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်း ဦးရေ ၃,၀၆၀ အတွက် ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ခုနစ်ခုခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။

အဆိုပါလုပ်ငန်းသစ်ခုနစ်ခုအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာငွေကျပ် ၄,၀၂၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၄၅ သန်းရှိပြီး ပြည်တွင်းရှိ လုပ်သားဦးရေ ၃,၀၆၀ အတွက် အလုပ်အကိုင်များရရှိမှာ ဖြစ်ပါတယ်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများ ဖြစ်ပါတယ်။

#PAN