မြောက်ကိုရီးယားက တောင်ကိုးရီးယား၊ ဂျပန်နှင့် အမေရိကန်တို့၏ ဇွန် ၃၀ ရက်က ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့မှုအပေါ် ရှုတ်ချခဲ့ပြီး ၎င်းတို့အား “နေတိုး၏အာရှပုံစံ” ဟုခေါ်ဆို

(နိုင်ငံတကာ) ဇွန် ၃၀

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့က ဇွန် ၃၀ ရက်က ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ၎င်းတို့အား “နေတိုး၏ အာရှပုံစံ” ဟုခေါ်ကာ “အလွန်ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်” ဟုလည်း သတိပေးခဲ့သည်။

 “Freedom Edge” ဟု အမည်ပေးထားသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ပဲ့ထိန်းဒုံးကျည်နှင့် လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော ကာကွယ်ရေး၊ နှင့်ဆိုက်ဘာကာကွယ်ရေး ပူးပေါင်း လေ့ကျင့်မှု တို့ပါဝင်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး နောက်တစ်နေ့တွင် မြောက်ကိုရီးယားမှသတိပေးလာခဲ့ခြင်းဖြစ်ပါသည်။

မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ရင်ဆိုင်လာကြရသဖြင့် စည်းလုံးမှုလက္ခဏာအဖြစ် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များက ယမန်နှစ်တွင် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားကို ရန်စတဲ့ စစ်ရေးပြမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ပြုံးယမ်း၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ​ဇွန် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

“အမေရိကန်-ဂျပန်-ကိုရီးယား ဆက်ဆံရေးသည် အာရှတိုက်တွင် နေတိုးအဖွဲ့ သစ်ဖွဲ့စည်းထားသည့် အသွင်အပြင်ကို အပြည့်အ၀ ဖော်ဆောင်နေပြီ” ဟု ၎င်းက သတိပေးကာ “ဆိုးရွားသော အကျိုးဆက်များ” ဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

“စစ်ဖက်ဆိုင်ရာ အင်အားဖြည့်တင်းမှုများကိုပြုလုပ်ပြီး စစ်အင်အားပိုမိုကောင်းမွန်လာအောင်လုပ်နေတဲ့ အမေရိကန်နဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ လှုပ်ရှားမှုတွေကို မြောက်ကိုရီးယားက သတိမမူမိပဲ ရှိနေမှာမဟုတ်ဘူး” ဟုလည်းပြောလာသေးသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဝါရှင်တန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt၊ တိုကျို၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော JS Atago နှင့် ဆိုးလ်၏ KF-16 တိုက်လေယာဉ်တို့ ပါဝင်ခဲ့သည်။

ပြုံယမ်းသည် အလားတူ ပေါင်းစပ်လေ့ကျင့်မှုများကို ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုတစ်ခုအဖြစ် အမြဲတမ်း ရှုတ်ချခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ကိုရီးယားနှစ်နိုင်ငံအကြား tit-for-tat မီးပုံးပျံလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး၊ တောင်ကိုရီးယားမှ တောင်ကိုရီးယားထောက်ခံရေး ဝါဒဖြန့်စာများကို မီးပုံးပျံဖြင့်ပေးပို့လာခြင်းအပေါ်

ပြုံယမ်းမှလည်း တောင်ဘက်သို့ အမှိုက်များပြည့်နေသော မီးပုံးပျံများကို ပေးပို့ခဲ့သည်။

ဇွဲ (Hydro)

#PAN