မြစ်ကြီးနား- ပူတာအိုကားလမ်းမကြီးပေါ် တွင် ၄ နေရာတိတိကားလမ်းများ ပိတ်ဆို့နေမှုဖြစ်ပွား


(ပြည်တွင်း) ဇွန် ၃၀

ယနေ့ နံနက်ပိုင်းထိ ကချင်ပြည်နယ်၊ မြစ်ကြီးနား- ပူတာအိုကားလမ်းမကြီးပေါ် တွင် ကားလမ်းပိတ်ဆို့ကာယာဥ်များဖြတ်သန်းသွားလာ၍ မရသည့်နေရာ ၄ နေရာအထိရှိ နေကြောင်းသိရသည်။

အဆိုပါနေရာများမှာ ဖုန်ကျန်းတံတား ထိပ်တွင်တောင်ပြိုနေသဖြင့် ကားများပိတ်မိနေသလို ခင်ဒူယာန်ရွာချောင်းရေကြီးလျှံမှုဖြစ်နေသည့်အတွက် ယာဉ်ကြီး/ယာဥ်ငယ်များလုံး၀ဖြတ်သန်း၍မရတော့ဘဲ ယနေ့ညနေပိုင်းမှစပြီး ယာဥ်များပိတ်မိနေကြောင်း ထို့အတူ ဝဒတ်ရွာအနီးတွင် မိုးရေသည် ယခုနှစ် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတက်ကာ ယာဥ်များပိတ်ဆို့မှုရှိနေကြောင်းသိရသည်။ ထို့အပြင် တံဂျာတံတားထိပ် ကမ်းကပ်ခုံပေါ် သို့ လမ်းဘေးမြေနံရံမှ မြေသားများပြိုကျစုပုံနေသည့်အတွက် ဖြတ်သန်း၍မရတော့ဘဲ ယာဥ်တန်းများပိတ်ဆို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ခင်ဒူယာန်ရွာတွင် ပူတာအိုသို့တက်မည့် ယာဥ်ကြီး၊ ယာဥ်ငယ် ၅၀ စီးဝန်းကျင်ခန့် ရှိနေပြီး မြစ်ကြီးနဘက်သို့ပြန်ဆင်းလာမည့် အဆင်းကားများလည်းရှိနေ
ကြောင်းသိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #ZN