“မက်ဆန် ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့ ဗီလာအသင်း”

(နိုင်ငံတကာ) ဇွန် ၃၀

ပရီးမီးယားလိဂ်ကလပ် အက်စတန်ဗီလာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ နယ်သာလန်နောက်တန်း ကစားသမား မက်ဆန် ကိုခေါ်ယူဖို့ နှစ်ဖက်အသင်းကြား သဘောတူညီမှုရခဲ့ပြီလို့ ဇွန်လ ၂၈ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။

 ဗီလာအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကစားသမားသစ်တွေကို ခေါ်ယူဖို့လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့စာချုပ်ကိစ္စက ညှိနှိုင်းရဦးမှာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးက ပေါင် ၃၅ သန်းနဲ့ ပေါင်သန်း ၄၀ ကြား ဖြစ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

မက်ဆန် ဟာ ချဲလ်ဆီးအသင်းကို ၂၀၁၉ ခုနှစ်မှာ ပီအက်ဗွီအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အရန်ကစားသမားအဖြစ်နဲ့သာ အချိန်ကုန်ခဲ့ရပြီး ဒေါ့မွန် အသင်းကို အငှားသွားရောက်ကစားတော့မှ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

 မက်ဆန် ကို ခေါ်ယူနိုင်ခဲ့တာက အဲဗာတန်အသင်းက လူးဝစ်ဒေါ်ဘင် ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဗီလာအသင်းရဲ့ ဒုတိယမြောက် အပြောင်းအရွှေ့လည်း ဖြစ်လာခဲ့ပါတယ်။

#PAN