“ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိ”

(စီးပွားရေး) ဇွန် ၃၀


ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၁ ရက်အထိ နှစ်လကျော်ကာလအတွင်း ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။


ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေနဲ့ ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ သန်းရရှိခဲ့ပြီး ယခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၁ သန်း ရရှိခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၁ ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှု စုစုပေါင်းမှ အမေရိကန်ဒေါ်လာ ၃,၂၁၁ ဒသမ ၄၀၇ သန်းရရှိထားကြောင်း သိရပါတယ်။

PAN