“ပြင်သစ်အသင်းအနေနဲ့ ပိုမိုကောင်းမွန်အောင် ကြိုးစားရမယ်လို့ဆိုတဲ့ ဆာလီဘာ”

(အားကစား) ဇွန် ၃၀

အုပ်စုအဆင့်ပွဲတွေမှာ အကောင်းဆုံးပုံစံကိုမရခဲ့တဲ့ ပြင်သစ်အသင်းအနေနဲ့ လာမယ့် ၁၆ သင်းအဆင့်ပွဲမှာ ပိုကောင်းအောင်ကစားဖို့ လိုအပ်တယ်လို့ နောက်ခံလူ ဆာလီဘာ က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းဟာ အခုယူရိုပြိုင်ပွဲမှာတော့ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန် ခဲ့ရပြီး အုပ်စုဒုတိယနဲ့သာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၆ သင်းအဆင့်မှာ ပြင်သစ်ရင်ဆိုင်ရမယ့် ဘယ်လ်ဂျီယံအသင်းကလည်း အုပ်စုတွင်းပွဲတွေမှာ ခြေစွမ်းကောင်း မရခဲ့လို့ လာမယ့်ပွဲစဉ်မှာ ၂ သင်းစလုံးက ကစားပုံကောင်းရရှိဖို့အတွက် ကြိုးစားကြမှာဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာမယ်လို့ ဆာလီဘာ က သုံးသပ်သွားခဲ့တာပါ။

ပြင်သစ်အသင်းရဲ့ ဇွန်လ ၂၇ ရက် လေ့ကျင့်ရေးမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး အမ်ဘာပေ အပါအဝင် ကစားသမားအစုံအလင်နဲ့ လေ့ကျင့်ခဲ့တာကို တွေ့ခဲ့ရပြီး နည်းပြ ဒက်ချမ့်စ် အနေနဲ့ လာမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့အကောင်းဆုံး ပွဲထွက်လူစာရင်းကို အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

#PAN