“ပီရူးနှင့်ပွဲမှာ ပါဝင်ရန် မသေချာတော့တဲ့ အာဂျင်တီးနားအသင်း တိုက်စစ်မှူး မက်ဆီ”

(အားကစား) ဇွန် ၃၀

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာ ကြွက်သားဒဏ်ရာကြောင့် ပီရူးအသင်းနဲ့ကစားမယ့် ၂၀၂၄ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါဝင်ဖို့မသေချာဘူးလို့ သိရပါတယ်။

မက်ဆီ ဟာ ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးကို ကြွက်သားဒဏ်ရာကြောင့် အသင်းနဲ့အတူ ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၂ ပွဲလုံးကို အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာကြောင့် ပီရူးအသင်းနဲ့ပွဲစဉ်မှာ မက်ဆီ ကို အနားပေးဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၂ ပွဲလုံးကို ပွဲချိန်ပြည့် ကစားနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ် ပီရူးအသင်းနဲ့ ဇွန်လ ၃၀ ရက်မှာ ကစားသွားရမှာ ဖြစ်ပါတယ်။

#PAN