“ပါရာဂွေးကို  ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘရာဇီးအသင်း”

(အားကစား) ဇွန် ၃၀

ဇွန်လ ၂၉ ရက် မနက်အစောပိုင်းက ကစားခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ ကိုပါအမေရိကဖလား အုပ်စုအဆင့်ပွဲစဉ်မှာ ဘရာဇီးအသင်းက ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ကော်စတာရီကာအသင်းနဲ့ အဖွင့်ပွဲစဉ်မှာ သရေ ကျခဲ့တာကြောင့် အခုပွဲစဉ်မှာ ရလဒ်ကောင်းရဖို့ လိုအပ်ခဲ့သလို ၄ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ဘရာဇီးအသင်းဟာ ပွဲချိန် ၃၁ မိနစ်မှာတင် ပယ်နယ်တီရခဲ့ပေမယ့် ပါကွီတာ က လွဲချော်ခဲ့တာကြောင့် ဦးဆောင်ဂိုးရဖို့ နောက်ကျခဲ့ပါတယ်။

ဘရာဇီးတောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာ က အခုပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို အသင်း အတွက်လည်း သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

 ပါရာဂွေးအသင်းက ပွဲချိန် ၄၈ မိနစ်မှာ ချေပဂိုးရခဲ့ပေမယ့် ဘရာဇီးအသင်းရဲ့ဖိအားပေး ကစားမှုတွေကြောင့် ပွဲအပြီးမှာ ၄ ဂိုး၊ ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးအသင်း ဟာ အခုပွဲစဉ်မှာအနိုင်ရခဲ့တာကြောင့် ကိုလံဘီယာအသင်းနဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေ ၁ မှတ်ရရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

#PAN