“နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ”

(ကျန်းမာရေး) ဇွန် ၃၀

ဒီညနေမှာတော့ ကျန်းမာရေးကဏ္ဍအနေနဲ့ နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။  

နာနတ်သီးက သွေးချိုဓာတ်ကို တက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာဝအရပေးတဲ့ သကြားဓာတ် ပါဝင်မှုများပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။ လက္ခဏာကတော့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ်ပါတယ်။

နာနတ်သီးစားခြင်းက သွားတွေကို ပျက်စီးလာစေနိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်များစွာ ပါဝင်တာကြောင့် သွားများကို ပျက်စီးစေနိုင်ပါတယ်။ လက္ခဏာကတော့ သွားကိုက်တာမျိုးတွေ ဖြစ်တတ် ပါတယ်။

ဒါ့အပြင် ခံတွင်းဓာတ်မတည့်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ကြည့်ရင် ဘာမှ မဟုတ်ပေမယ့် ဖုန်မှုန့်တွေနဲ့ ဓာတ်မတည်သလိုပုံစံနဲ့ တူပါတယ်။

အဲဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ဝတ်မှုန်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှု ပြတာ ဖြစ်ပါတယ်။ လက္ခဏာကတော့ နာနတ်သီးစားပြီးရင် လျှာယားလာတတ်ပါမယ်။

နာနတ်သီးစားခြင်းက တချို့လူတွေအတွက် ဓာတ်မတည်တာတွေ ဖြစ်စေပါတယ်။ နာနတ်သီးနဲ့ ဓာတ်မတည့်တာတွေက နာရီအနည်းငယ်လောက်မှာ သက်သာသွားစေနိုင်ပေမယ့် ဒီထက်အချိန်ကြာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်းဖူးရောင်တာ၊ လည်ချောင်းမှာ တစစ်စစ်နဲ့ဖြစ်တာတွေ ခံစားရပါမယ်။

#PAN