“ဒူစ်ဘာရီ ကို ခေါ်ယူဖို့ စတင်ကမ်းလှမ်းခဲ့တဲ့ ချဲလ်ဆီအသင်း”

(အားကစား) ဇွန် ၃၀

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းက လက်စတာစီးတီးအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလိပ်လူမျိုး ကွင်းလယ်လူ ကီယာနန်ဒူစ်ဘာရီဟောလ် အား ခေါ်ယူရန် စတင်ကမ်းလှမ်း လိုက်ကြောင်း သိရပါတယ်။

ဒူစ်ဘာရီဟောလ် က ပြီးခဲ့တဲ့ရာသီမှာ လက်စတာအသင်းကို လိဂ်ချန်ပီယံရှစ်တွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ရာမှာ အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက လာမည့်ရာသီ အသင်းနည်းပြရာထူးအတွက် လက်စတာစီးတီးအသင်းနည်းပြဖြစ်သူ အန်ဇိုမာရက်စ်ကာ ကို ခန့်အပ်ခဲ့ပြီးနောက်  ဒူစ်ဘာရီဟောလ် ကို ခေါ်ယူရန် စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။

#PAN