ထရမ့် နှင့် ပထမအကျော့ စကားစစ်ထိုးပွဲတွင် ဘိုင်ဒင် ဘက်က ရှုးနိမ့်နေ


(နိုင်ငံတကာ) ဇွန် ၃၀

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နေသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် တို့၏ ပထမအကျော့ စကားစစ်ထိုးပွဲတွင် ဘိုင်ဒင် ဘက်က ရှုးနိမ့်နေကြောင်း Wall Street ဂျာနယ်မှ နိုင်ငံရေးလေ့လာသူ ချားအော်တယ် ကပြောသည်။

အဆိုပါ စကားစစ်ထိုးပွဲကို ဇွန်လ ၂၇ ရက် ညတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲသည် ဘိုင်ဒင် အတွက်သာမက ဘိုင်ဒင် ဘက်မှ မီဒီယာများအတွက်ပါ အရှုးကြီးရှုးရသည့်ပွဲဖြစ်‌ကြောင်း ချားအော်တယ် က Sputnik သတင်းဌာနသို့ ပြောသည်။

“ရွေးကောက်ပွဲနေ့မတိုင်ခင် လအနည်းငယ်အတွင်းမှာ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဘိုင်ဒင် နဲ့ ဟဲရစ် ကိုထုတ်ပြီး ပိုမိုအင်အား တောင့်တင်းတဲ့သူကိုရှာဖို လိုအပ်နေပါပြီ။ ဒါမှသာ အထောက်အပံ့ ကောင်းတွေ ရထားတဲ့အပြင် ခွန်အားအပြည့်နဲ့ချီတက်နေတဲ့ ထရမ့် တိုအဖွဲ့ကို ယှဉ်နိုင်မှာပါ”လို့ လေ့လာသူက ပြောထားသည်။

အလားတူ စကားစစ်ထိုးပွဲမတိုင်မီ သီတင်းပတ်တစ်ပတ်အလိုကလည်း ပူလစ်ဇာဆုရသတင်းထောက် ဆေးမားဟာ့ က ဘိုင်ဒင် ၏ စကားစစ်ထိုးပွဲသည် မှတ်ကျောက်တင်ခံရမည့် အဓိကပွဲဖြစ်သည်ဟု ပြောသည်။

ထိုပြင် စကားစစ်ထိုးပွဲ၌ ဘိုင်ဒင် ၏ အခြေအနေသည် လက်ရှိသမ္မတတစ်ဦးအတွက် အလွန်ဆိုးဝါးသည့် အခြေအနေဖြစ်လာနိုင်ကြောင်းနှင့် ဒီမိုကရက်တစ်ပါတီအနေဖြင့် ဂျိုးဘိုင်ဒင် နေရာတွင် အခြားတစ်ဦးဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ပြောထားသည်။

ယခုပြုလုပ်သည့် စကားစစ်ထိုးပွဲကို CNN သတင်းဌာနက လက်ခံကျင်းပခြင်းဖြစ်ပြီး နောက်တစ်ကြိမ် စကားစစ်ထိုးပွဲကိုမူ ABC News သတင်းဌာနက စက်တင်ဘာလ ၁၀ ရက်တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ