“ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ”

(ကျန်းမာရေး) ဇွန် ၃၀

ဒီနေ့ည ၈ နာရီမှာတော့ ကျန်းမာရေးကဏ္ဍကနေ ညစဉ်ညတိုင်း အိပ်ယာဝင်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါး ကလည်း လက်ခံထားကြပါတယ်။

ည ၁၁ ကနေ မနက် ၃ နာရီ အတွင်း အနားမယူပဲအလုပ် တစ်ခုခုလုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။

ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ည ၁၁ နာရီကနေ မနက် ၃ အချိန်အတွင်းမှာ လူတို့စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရတာပဲ ဖြစ်ပါတယ်။

အသည်းရဲ့ အလုပ်လုပ်ချိန်လို့ဆိုရင် ပိုမှန်ပါလိမ့် မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။

အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်လျော့နည်းစေပြီး အသည်းကိုတဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီ တစ်ခုချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်း က အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စတဲ့ အသည်းရောဂါတွေ အပြင် အခြား ရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

အဲ့ဒီလို အိပ်ပေးရမယ့်အချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။.

#PAN