“ဆော်ဒီလိဂ် အယ်လ်ကတ်ဆီယာအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ နာချို”

(အားကစား) ဇွန် ၃၀

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်နောက်ခံလူ နာချို ဟာ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။      

အသက် ၃၄ နှစ်အရွယ် နာချို က ရီးရဲလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲလ်အသင်းတွင် ၂၀၁၁ ခုနှစ်မှာ စတင်ကစားခွင့် ရရှိခဲ့သူဖြစ်ပါတယ်။ နာချို အနေနဲ့ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၆၄ ပွဲ ကစားကာ ၁၆ ဂိုးသွင်းယူခဲ့ပြီး ဆုဖလားအောင်ပွဲများစွာလည်း ရယူနိုင်ခဲ့ပါတယ်။

နာချို အနေနဲ့ ရီးရဲလ်အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် အယ်လ်ကတ်ဆီယာအသင်းသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

 ပြီးခဲ့သည့်ရာသီမှာ ရီးယဲလ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း စပိန် လက်ရွေးစင်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။

#PAN