ချမ်းမြသာစည်မြို့နယ်၊ ဒေါနသုခလူမှုရေးအသင်း၊ အတွင်းရေးမှုးအား အကြမ်းဖက် သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွား


(ပြည်တွင်း) ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ၁၀၄ လမ်းနှင့်ကန်တော်ကြီးပတ်လမ်းထောင့်ရှိ ဒေါနသုခလူမှုကူညီရေး အသင်းရုံးအနီး လမ်းဘေးထမင်း ဆိုင်၌ ဒေါနသုခလူမှုရေးအသင်း၊ အတွင်းရေးမှုးအား အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ဦးကျော်မျိုးမြင့်၊ အသက် ၄၃နှစ်၊ (ဘ)ဦးတင်မြင့်၊ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ (ဒေါနသုခလူမှုရေးအသင်း၊ အတွင်းရေးမှုး)သည် ထမင်းစားနေစဉ် ကလစ်အဖြူရောင်ဆိုင်ကယ် စီးလာသော လူငယ် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးကျော်မျိုးမြင့်တွင် နောက်ကျော ထိမှန်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့ပြီး ဦးကျော်မျိုးမြင့် အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ #ZN