“ချန်ပီယံဆုကာကွယ်ရန် ပြင်ဆင်နေတဲ့ အယ်ကာရက်ဇ်”

(အားကစား) ဇွန် ၃၀

ကမ္ဘာ့အဆင့်(၃)ရှိ စပိန်တင်းနစ်သမား ကားလို့စ်အယ်ကာရက်ဇ် ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အယ်ကာရက်ဇ် ဇူလိုင်လ ၁ ရက်မှာ စတင်ကျင်းပမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှာ လက်ရည်စစ်ပွဲအောင် လာခဲ့တဲ့ အက်စ်တိုးနီးယားတင်းနစ်သမား လာဂျယ် နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျိုကိုဗစ် နဲ့ အကြိတ်အနယ်ကစားခဲ့ပြီးနောက် ချန်ပီယံဆုကို ရယူခဲ့တဲ့ အယ်ကာရက်ဇ် က အခုနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေတယ်လို့ ပြောထားပါတယ်။

ကမ္ဘာ့အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ အီတလီနိုင်ငံသား ဆင်နာ ကလည်း ကစားသမားဘဝ ဒုတိယမြောက်ဂရင်းစလမ်ချန်ပီယံဆုအဖြစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့် နေထားပါတယ်။

ဆင်နာ ကတော့ ဝင်ဘယ်ဒန်ပထမအဆင့်မှာ ဂျာမနီနိုင်ငံသား ယန်နစ် နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၂) ဂျိုကိုဗစ် က ဒူးဒဏ်ရာခွဲစိတ်ထားလို့ ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေတာကြောင့် ချန်ပီယံဆုအတွက် အယ်ကာရက်ဇ် နဲ့ ဆင်နာ တို့ပဲ အဓိကပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။

#PAN