“ကျုံပျော်မြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားနှင့် အစေ့ထုတ်ပြောင်း ၁,၃၁၄ ဧက စိုက်ပျိုးရန်လျာထား”

(စိုက်ပျိုးရေး) ဇွန် ၃၀

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးရာသီ၌ ဖူးစာနှင့် အစေ့ထုတ်ပြောင်း ၁,၃၁၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

  ယခုနှစ်မိုးရာသီမှာ ဖူးစားပြောင်း ၁,၂၉၈ ဧကနှင့် အစေ့ထုတ်ပြောင်း ၁၆ ဧက၊ စုစုပေါင်း ၁,၃၁၄ ဧကကို ဇူလိုင်လ ပထမပတ်မှာ စတင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် မြေပြုပြင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်စိုက်ပျိုးနေတဲ့ သီးနှံဖြစ်တဲ့အတွက် တောင်သူများအတွက် အခက်အခဲမရှိကြောင်းနဲ့ ပိုးမွှားအန္တရာယ်နဲ့ပတ်သက်ပြီး လိုအပ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်သောသင်တန်းများလည်း ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

  ပြောင်းသီးနှံအပါအဝင် လာမည့်ဆောင်းရာသီတွင် စိုက်ပျိုးမည့်သီးနှံများကိုပါ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

#PAN