ကောလင်းမြို့နယ် ကြူတောကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ အလောင်း နှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇွန် ၃၀

ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကောလင်းမြို့နယ် ကြူတောကျေးရွာအနီးတွင် နယ်မြေရှင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက် KIA/PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် KIA/PDF ၁ လောင်း၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရမိ ပြီး လုံခြုံရေးအဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသော အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့များသည် ဒေသတွင်းရှိအမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ သတင်းထွက်နေသော မြို့နယ်များထဲတွင် တခုအပါအဝင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #ZN