ရုရှားအနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုလျော့ချမည်ဟုကရင်မလင် က ပြောကြား

(နိုင်ငံတကာ) မော်စကို ဇွန် ၂၉

ယူကရိန်းစစ်ပွဲတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ပါဝင်ပတ်သတ်မှုကြောင့် ရုရှားအနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုလျော့ချမည်ဟုကရင်မလင် က ကြာသပတေးနေ့တွင်ပြောကြားခဲ့ပါသည်။

ဆက်ဆံရေးလျော့ချခြင်း အဲထပ်ဆိုးလျှင်တော့ အဆက်အဆံကိုမလုပ်တော့ဘူး ဟု ဆိုလာခြင်းက ရုရှားနဲ့ အနောက်ကမ္ဘာရဲ့ ယူကရိန်းစစ်ပွဲအပေါ် အမှီပြုပြီး ပိုမို၍ ပွတ်တိုက်မှုများလာခြင်းနှင့် သတိထားရမယ့် အခြေအနေတစ်ခုကိုညွှန်ပြလိုက်ခြင်းတစ်ခုလဲဖြစ်ပါသည်။

နူကလီးယားစစ်ပွဲဖြစ်သွားနိုင်သော ၁၉၆၂ ကျူးဘားဒုံးကျည်အရေးအခင်း တွင် စစ်အေးကာလဖြစ်သော်ငြား ရုရှားအနေဖြင့် အမေရိကန်နှင့် အဆက်အသွယ်ရှိနေသေးတာကို သိရမှာဖြစ်ပါသည်။

၁၉၆၇ အရှေ့အလည်ပိုင်းဒေသစစ်ပွဲမှာတော့ မော်စကိုအနေနဲ့ အစ္စရေးနဲ့တော့ အဆက်အသွယ်ဖြတ်ခဲ့ဖူးပါသည်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergi Ryabkov မှ Izvestia သတင်းစာအား သံတမန်တွေဟာဆိုရင် ပြသနာဖြစ်နေတဲ့အချိန်အတွင်းမှာ ​ဆက်သွယ်ရေးပြုလုပ်ပေးနိုင်တဲ့ ခက်ခဲပြီးအရေးပါသော အလုပ်ကို လုပ်ကြရသူတွေလို့ ပြောသည်။

ဒါပေမဲ့ Ryabkov ကပဲထပ်မံပြီး အနောက်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်နိုင်ခြေကလဲ ရှိနေပါတယ်လို့ ပြောခဲ့ပါသေးသည်။

အဆက်အသွယ်ဖြတ်နိုင်ချေနှင့်ပတ်သတ်ပြီးမေးလာသည့်အခါမှာတော့ ဆုံးဖြတ်ချက်များမချမှတ်ရသေးသော်လဲ အနောက်ကမ္ဘာ၏ ရုရှားအပေါ် ပြုမူဆက်ဆံပုံများအရ အဆက်အသွယ်ဖြတ်ခြင်းသည် ရုရှား၏ တုံ့ပြန်မှုများထဲမှ တစ်ခု ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော
Dmitry Peskov ကတော့ သံတမန်ဆက်သွယ်ရေး အဆင့်ကို နှိမ့်ချခြင်း ကတော့ ရန်စောင်နေကြတဲ့နိုင်ငံတွေကြားမှာ လုပ်လေ့လုပ်ထရှိတဲ့အပြုအမူပဲဟု ဆိုလာပါသည်။

အနောက်နိုင်ငံတွေရဲ့ ယူကရိန်းစစ်ပွဲအပေါ်ပိုမိုပါဝင်လာခြင်းနဲ့အတူ ရုရှားဖက်ဒရေးရှင်း အနေနဲ့ တုံ့ပြန်ဖို့ နည်းလမ်းပေါင်းစုံကို စဥ်းစားရမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။

2022 ခုနှစ်တွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို အမိန့်ပေးခဲ့သော သမ္မတ ဗလာဒီမာပူတင်က စစ်ပွဲသည် အမေရိကန်နှင့် ပိုမိုကျယ်ပြန့်သော တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ပွဲကို ပုံဖော်ခဲ့ပြီး 1991 ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် မော်စကို၏အကျိုးစီးပွားကို လျစ်လျူရှုသည့်အပြင် ရုရှားကိုပါခွဲထွက်အောင်ပြုလုပ်ကာ သဘာဝသယံဇာတများကိုသိမ်းယူရန် ကြံစည်လာသည့် US ၏ အကြံဟုလဲ ဆိုလာသည်။

အနောက်ကမ္ဘာနှင့် ယူကရိန်းတို့သည် ယူကရိန်းစစ်ပွဲကို အင်ပါယာပုံသဏ္ဏန် နယ်မြေချဲ့ထွင်ခြင်းပုံစံဖြင့်ပြုလုပ်နေကြခင်းဖြစ်သည်။

ရုရှားကို ဖျက်ဆီးလိုကြောင်း ငြင်းဆိုထားသည့် အနောက်နိုင်ငံခေါင်းဆောင်များက သမ္မတပူတင်သည် စစ်ပွဲတွင် အနိုင်ရပါက ကမ္ဘာတစ်ဝှမ်းရှိ အာဏာရှင်စနစ်များ အားကောင်းလာမည်ဟု ပြောဆိုကြသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး မြေယာစစ်ပွဲတွင် ရုရှားက အသာစီးရလာသဖြင့် ယူကရိန်းအကျပ်အတည်းသည် မကြာသေးမီလများအတွင်း ပိုမိုပြင်းထန်လာခဲ့သည်။

ယူကရိန်းက ရုရှားကို အမေရိကန်လက်နက်အချို့နဲ့ တိုက်ခိုက်ဖို့ အမေရိကန်က ခွင့်ပြုခဲ့ပြီးနောက် ကရင်မလင်က ဒါဟာ ပြင်းထန်တဲ့ တင်းမာမှုအဖြစ် ရှုမြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗျူဟာမြောက် နျူကလီးယားလက်နက်များ ဖြန့်ကျက်လေ့ကျင့်ရန် ရုရှားသမ္မတပူတင်က အမိန့်ပေးထားပြီး၊ ရုရှားသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကြား အကွာအဝေးအတွင်း သာမန် ဒုံးကျည်များကို ထားရှိနိုင်ကာ မြောက်ကိုရီးယားနှင့် အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို ချုပ်ဆိုမည်ဟု ပြောဆိုလာသည်။

အမေရိကန်နှင့် ၎င်း၏ဥရောပမဟာမိတ်များမှာ ရုရှားနိုင်ငံ၌ သံရုံးများရှိနေသေးပြီး ရုရှားနိုင်ငံအနေဖြင့်လည်း ဝါရှင်တန်နှင့် ဥရောပမြို့တော်ကြီးများတွင် သံရုံးများ ရှိနေသည်။ ထိုသို့ အပြန်အလှန် ထားရှိသော်လည်း နှစ်ဖက်စလုံးမှ သံတမန်များက ၎င်းတို့သည် ဆယ်စုနှစ်များအတွင်း အဆိုးဆုံးအခြေအနေများကို ကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။

“မော်စကိုသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပြုပြင်ရန် မကြိုးစားတော့ပါ” ဟု University College Cork မှ သမိုင်းပညာရှင် Josef Stalin နှင့် ဆိုဗီယက် နိုင်ငံတကာဆက်ဆံရေးသမိုင်းပညာရှင် Geoffrey Roberts က ပြောကြားဆိုခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံများကို လက်တစ်ကမ်းအကွာမှာ ထားပြီး ပူတင်အနေဖြင့် သတ္တိရှိသစ်လွင်သော Multipolar ကမ္ဘာသို့ ပို့ဆောင်နိုင်မည်ဆိုသည်ကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒါပေမယ့် ဒါဟာ ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်လိုတဲ့ ရုရှား သဘောထားတင်းမာသူတွေရဲ့ အနောက်ကမ္ဘာအပေါ် အချက်ပြမှု  တစ်ခုလည်းဖြစ်နိုင်ပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။

ဇွဲ (Hydro)