မွန်ပြည်နယ်သို ပြည်တွင်း၊ ပြည်ပခရီးသွား ၉ သိန်းကျော်ဝင်ရောက်


(ပြည်တွင်း) ဇွန် ၂၉

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၅ လတာကာလအတွင်း မွန်ပြည်နယ်အတွင်းသို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၉ သိန်းကျော် ဝင်ရောက်ခဲ့တယ် လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊

မွန်ပြည်နယ်အတွင်းသို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၈ သိန်းကျော် ဝင်ရောက် ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် ငါးလတာကာလအတွင်း မှာတော့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၉ သိန်းကျော် ဝင်ရောက် ခဲ့တာကြောင့် ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိင်းယှဉ်ပါက ခရီးသွားများဝင်ရောက်မှု ၆၁ ရာခိုင်နှုန်းခန့် တိုးတက် ဝင်ရောက်ခဲ့ပါတယ်။

ပြည်ပခရီးသွားဝင်ရောက်မှုအနေနဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ နိုင်ငံများမှ အများဆုံး ဝင်ရောက်ခဲ့တာဖြစ်ပြီး ၎င်း ခရီးသွားဧည့်သည် အများဆုံး ဝင်ရောက်တဲ့နေရာများကတော့ ကျိုက်ထိုမြိုနယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ မော်လမြိုင်မြိုနယ်ရှိ ကျိုက်သလ္လံစေတီတော်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေ စတဲ့ နေရာများသို ဝင်ရောက်လည်ပတ်မှု အများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဟိုတယ်လုပ်ငန်းလိုင်စင်များ၊ ခရီးစဉ်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လအလိုက်ရာသီပွဲတော်များနှင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေတဲ့သူများကိုလည်း သင်တန်းပေးခြင်းများ ဆောင်ရွက် နေတယ်လို့ သိရပါတယ်၊၊

Telegram»…
https://t.me/positiveanglenews

PAN

#SZ