မြန်မာနိုင်ငံတစ်ဝှမ်း၌ ဆီထွက်သီးနှံ ဧကပေါင်း ၈ သန်းကျော်စိုက်ပျိုးမည်


(ပြည်တွင်း) ဇွန် ၂၉

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းလုံးမှာ မိုးသီးနှံ စိုက်ပျိုးရာသီနှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီများတွင် ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း နှင့် ပန်းနှမ်းတို့ကို ဧကပေါင်း ၈ သန်းကျော်အထိ တိုးမြှင့် စိုက်ပျိုးသွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ စိုက်ပျိုးသွားမယ့် စိုက်ပျိုးသီးနှံများမှာ ဧကအားဖြင့် မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၃ ဒသမ ၈ သန်း၊ နေကြာဧက ၁ သန်းကျော်၊ ဆီမုန်ညင်းဧက ၉၃,၀၀၀ နှင့် ပန်းနှမ်းဧက ၃ သိန်း ဝန်းကျင်၊ စုစုပေါင်း ဧက ၈ ဒသမ ၂ သန်းကျော်တို့ကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေသီးနှံ စိုက်ပျိုးရာသီအတွက် နှမ်းကို ဧက ၃၆၀,၀၀၀ ခန့် စိုက်ပျိုးရန်လည်း ရည်မှန်းထားလျက်ရှိပါတယ်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင်လည်း နိုင်ငံတစ်ဝှမ်း မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၄ သန်းကျော်၊ နေကြာဧက တစ်သန်းကျော်၊ ဆီမုန်ညင်းဧက ၉၂,၀၀၀ ကျော်နှင့် ပန်းနှမ်းဧက ၂၉၀,၀၀၀ ကျော်၊ စုစုပေါင်း ဆီထွက် သီးနှံဧက ၈ ဒသမ ၃ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ပြည်တွင်းမှာ ဆီထွက်သီးနှံများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ