မြစ်ကြီးနားမြို့‌ပေါ်ရပ်ကွက် နှစ်ခုတွင် ရှမ်းနီတရားစီရင်ရေးအဖွဲ့( Shan ni judicrary – SNJ)စာရွက်ကပ်ထား၍ သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၂ လောင်းတွေ့ရှိ


(မှုခင်း) ဇွန် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် သတ်ဖြတ်ခံထားရသည့် အမည်မသိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ရာဒါကောင်ရပ်ကွက်တွင် ရုပ်အလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပထမအသတ်ခံရသူ ၁ ဦးကို မြစ်ကြီးနားမြို့၊ ရာဒါကောင်ရပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ရာဒါကောင်းသင်္ချိုင်းသွားလမ်း၌ အသက် ၃၀ ကျော် အရွယ်အမည်မသိအမျိုးသား ၁ ဦးဖြစ်ပြီးလက်ပြန်ကြိုးတုတ်ကာ လည်လှီးသတ်ဖြတ်ခံထားရသည့်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ သေဆုံးသူ၏ ကြိုးတုတ် ခံထားရသောလက်အတွင်း Shan Ni Judiciary – SNJ ဟူသောစာသားပါ ကတ်ပြားညှပ်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ သေဆုံးသူ အမျိုးသား၏ ရင်ဘက်တွင် လက်ဝါးကားတိုင်ပုံတက်တူးလည်းထိုးထားကြောင်း သိရှိရသည်။

ထို့အတူ နောက် ၁ ဦးကို အေးစေတီရပ်ကွက်တွင်တွေ့ရပြီး ၎င်းဦး၏ခန္ဓာကိုယ်ရုပ်အလောင်းပေါ်တွင်လည်း ရှမ်းနီတရားစီရင်ရေးအဖွဲ့(Shan ni judicrary – SNJ)စာရွက်ကပ်ထားသည့် ဖြစ်စဉ်များတူညီနေကြောင်း ဒေသခံများထံကသိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ