မန္တလေးကျုံးပတ်လည်တွင် ခွင့်ပြုချက်မရှိဘဲရောင်းချသည့် ဈေးသည်များကို စစ်ဆေးအရေးယူလျက်ရှိ


(ပြည်တွင်း) ဇွန် ၂၉

မန္တလေးမြို့ ကျုံးပတ်လည်တွင် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် ဈေးသည်များကို စစ်ဆေးအရေးယူလျက် ရှိနေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရပါတယ်။

မန္တလေးမြို့၏ ပြယုဂ်တစ်ခုဖြစ်သည့် နန်းမြိုရိုးနှင့်ကျုံးသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်စား မှုရှိသည့် နေရာတစ်ခုဖြစ်ပြီး ကျုံးပတ်ပတ်လည် ဖြစ်တဲ့ ကျုံးတောင်ဘက်ခြမ်း (၂၆)လမ်းတစ်လျှောက်၊ မြောက်ဘက် ခြမ်း (၁၂)လမ်းတစ်လျှောက်၊ အနောက်ဘက်ခြမ်း လမ်း(၈၀)တစ်လျှောက် ရောင်းချ နေသောဈေးသည်များကို ဇွန်လ တတိယပတ်မှစတင်ပြီး မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျုံးပတ်လည်အတွင်း ဈေးရောင်းချပါက ဒဏ်ရိုက်စစ်ဆေး အရေးယူလျက်ရှိနေပါတယ်။

အဆိုပါ ကျုံးပတ်ပတ်လည်နှင့် နန်းမြိုရိုးသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများစိတ်ဝင်တစားလာရောက်လည် ပတ်ကြသည့် အဓိကနေရာတစ်ခုဖြစ်တာ ကြောင့် အမှိက်သရိုက်များနှင့် ရှုပ်ထွေးမှုများမရှိစေရန်အတွက် ရည်ရွယ် ကာ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျုံးပတ်လည်အတွင်း မုန့်မျိုးစုံ နှင့် အခြားစားသောက်ကုန်များ ရောင်းချသည့် ဈေးသည်များကို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ အခွန် ဌာနနှင့် အခြားတာဝန်ရှိပူးပေါင်းအဖွဲများဖြင့် စစ်ဆေးလျက်ရှိပြီး လက်ရှိမှာတော့ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် ဈေးသည် ၂ဝ ခန့်ကိုတွေ့ရှိပြီး ဒဏ်ကြေးငွေကျပ် ၁၀,၀၀၀ မှ ငွေကျပ် ၅,၀၀၀၀ အထိ ဒဏ်ရိုက် အရေးယူထားကြောင်း လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ