ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော် တင်ပို့ရောင်းနိုင်ခဲ့


(ပြည်တွင်း) ဇွန် ၂၉

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၄ ရက်အထိ ပြည်ပသို လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော် တင်ပို့ ရောင်းချနိုင်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇၃၁ ဒသမ ၉၁၁ သန်းခဲ့ရရှိပြီး ယခုဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်းမှာတော့ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်း ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၁၉၁ ဒသမ ၉၁၈ သန်းခန့် ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှု ကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသလို ပြည်ပမှလည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကို တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ