ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ရုရှားပိုင် ချေချင်းသမ္မတနိုင်ငံက အိမ်ရာများတည်ဆောက် ပေးခဲ့

(နိုင်ငံတကာ) ဇွန် ၂၉


ရုရှားလက်အောက်ခံ မွတ်စလင်အများစုနေထိုင်ရာ ချေချင်းသမ္မတနိုင်ငံ၏ မြို့တော် Grozny တွင် ဂါဇာကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းလာသော ပါလက်စတိုင်းနိုင်ငံသား ၂၀၀ ကျော်အတွက် အဆောက်အဦသစ်များ တည်ဆောက်ပေးထားကြောင်း ဒေသဆိုင်ရာခေါင်းဆောင် Ramzan Kadyrov က ကြေညာခဲ့သည်။ Kadyrov ၏မိခင် Aymani ဦးစီး၍ ပြီးခဲ့သောနိုဝင်ဘာလက ရုရှားမှ ကြိုဆိုလက်ခံခဲ့သည့် ဒုက္ခသည်များကို အပြီးအပိုင်နေစရာပေးရန်အတွက် အိမ်ရာငါးလုံးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။


ကနဦးက မြို့တော် Grozny ၏ အရှေ့တောင်ဘက်ရှိ Gorny Klyuch ကလေးအပန်းဖြေစခန်းတွင် နေထိုင်ခဲ့ကြသည့် ဒုက္ခသည်များသည် ယခုအခါ Visaitovsky ခရိုင်ရှိ တိုက်ခန်းအသစ် ၄၀ တွင် လူပေါင်း ၂၀၉ ဦး နေထိုင်ကြမည်ဖြစ်ကြောင်း Kadyrov က ပြောကြားခဲ့သည်။

ချေချင်း ခေါင်းဆောင်၏ ပြောကြားချက်အရ အဆိုပါ အဆောက်အဦကို ဆောက်လုပ်ရန် ခြောက်လခန့် အချိန်ယူခဲ့ရကြောင်း သိရသည်။

ထိုအချိန်အတွင်း ပါလက်စတိုင်းနိုင်ငံသား ၅၅ ဦးသည် အလုပ်အကိုင်များ ရရှိပြီးဖြစ်သလို ၎င်းတို့၏ကလေးများနှင့် ဆယ်ကျော်သက်များကိုလည်း ကျောင်းများနှင့် တက္ကသိုလ်များတွင် ထားနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့အားလုံးက ရုရှားဘာသာကို လေ့လာနေကြပြီဖြစ်သည်။ “ကျွန်ုပ်တို့၏ အရေးပေါ်အစီအစဥ်တွင် ဒုက္ခသည်များသည် ၎င်းတို့၏ အမျိုးသားရေးလက္ခဏာကို ထိန်းသိမ်းထားနိုင်စေရန် ချေချင်းသမ္မတနိုင်ငံ၌ ပါလက်စတိုင်း အသိုက်အဝန်းတစ်ခု ဖန်တီးရေး ပါ၀င်ပါတယ်” ဟု Kadyrov က ပြောကြားခဲ့သည်။


ဆယ်စုနှစ်များစွာကြာ ခွဲထွက်ရေးနှင့် ချေချင်းညာကို ရုရှားနိုင်ငံအတွင်း ပြန်လည်ပေါင်းစည်း ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် Ramzan Kadyrov ၏ဖခင်ကို အစွဲပြု၍ Akhmat Kadyrov ဖောင်ဒေးရှင်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းအဆောက် အဦများကို ဖွင့်လှစ်ခဲ့သည်။

“ချေချင်းလူမျိုးတွေဟာ စစ်ပွဲရဲ့အခက်အခဲအားလုံးကို သိပါတယ်။ ကျွန်ုပ်တို့အားလုံးက ဆိုးရွားသောစမ်းသပ်မှုများကို ထိုအချိန်အတွင်း ပါလက်စတိုင်းနိုင်ငံသား ၅၅ ဦးသည် အလုပ်အကိုင်များ ရရှိပြီးဖြစ်သလို ၎င်းတို့၏ကလေးများနှင့် ဆယ်ကျော်သက်များကိုလည်း ကျောင်းများနှင့် တက္ကသိုလ်များတွင် ထားနိုင်ခဲ့ပြီဖြစ်သည်။

၎င်းတို့အားလုံးက ရုရှားဘာသာကို လေ့လာနေကြပြီဖြစ်သည်။ “ကျွန်ုပ်တို့၏ အရေးပေါ်အစီအစဥ်တွင် ဒုက္ခသည်များသည် ၎င်းတို့၏ အမျိုးသားရေးလက္ခဏာကို ထိန်းသိမ်းထားနိုင်စေရန် ချေချင်းသမ္မတနိုင်ငံ၌ ပါလက်စတိုင်း အသိုက်အဝန်းတစ်ခု ဖန်တီးရေး ပါ၀င်ပါတယ်” ဟု Kadyrov က ပြောကြားခဲ့သည်။


ဆယ်စုနှစ်များစွာကြာ ခွဲထွက်ရေးနှင့် ချေချင်းညာကို ရုရှားနိုင်ငံအတွင်း ပြန်လည်ပေါင်းစည်း ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် Ramzan Kadyrov ၏ဖခင်ကို အစွဲပြု၍ Akhmat Kadyrov ဖောင်ဒေးရှင်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းအဆောက် အဦများကို ဖွင့်လှစ်ခဲ့သည်။

“ချေချင်းလူမျိုးတွေဟာ စစ်ပွဲရဲ့အခက်အခဲအားလုံးကို သိပါတယ်။ ကျွန်ုပ်တို့အားလုံးက ဆိုးရွားသောစမ်းသပ်မှုများကို ဖြတ်သန်းခဲ့ကြရပြီး၊ ငတ်မွတ်မှု၊ အေးခဲမှုနဲ့ ချစ်ရသူတွေသေဆုံးခြင်းကို ကျွန်ုပ်တို့ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ပါလက်စတိုင်းတို့ ယခု ကြုံတွေ့နေရတဲ့ ဝမ်းနည်းကြေကွဲမှုများက ကျွန်ုပ်တို့နဲ့ အလွန်နီးစပ်နေပါတယ်” ဟု Kadyrov က ၎င်း၏ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။


ချေချင်းလူမျိုးအများစုသည် မွတ်စလင်များဖြစ်ကြပြီး ခေါင်းဆောင် Kadyrov သည် ဂါဇာ ကမ်းမြောင်ပဋိပက္ခတွင် ပါလက်စတိုင်းတို့အား ထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ပါလက်စတိုင်း တစ်သန်းကျော်သည် ပြီးခဲ့သော အောက်တိုဘာလကတည်းက ဂါဇာရှိ ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။

ပဋိပက္ခအတွင်း ပါလက်စတိုင်း ၃၈,၀၀၀ နီးပါးသည် အစ္စရေးတို့၏ ဗုံးခွဲတိုက်ခိုက်မှုနှင့် မြေပြင်ကျူးကျော်မှုအတွင်း သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့၏ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။


တင်ဇာ

#PAN