ထိုင်းနယ်စပ် ကုန်သည်လမ်းကြောင်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်စည်သယ်ယူပို့ဆောင်ကုန်သွယ်မှု စတင်မည်


(ပြည်တွင်း) ဇွန် ၂၉

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ရနောင်းမြိုhအထိ ကုန်သွယ်မှုလမ်းကြောင်းအသစ်ဖြစ်တဲ့ ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်နဲ့ ကုန်စည်သယ်ယူပို့ ဆောင်ကုန်သွယ်မှုကို ဇွန်လ၂၈ ရက်မှ စတင်ပြီး ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ဆိပ်ကမ်းမှ MV.Beypore Sultan သင်္ဘောနဲ့ ပြောင်းဆန်များကို သယ်ဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ဇွန်လ၂၈ ရက်မှာ ထွက်ခွာဖို့ စီစဉ်ဆောင်ရွက်နေကာ ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းမှလည်း သွင်းကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်လာဖို့ရှိပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေနဲ့ ယခု စတင်ဆောင်ရွက်သွားမယ့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် နိုင်ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ