“IBF ဟဲဗီးဝိတ်ချန်ပီယံဆုကို ဂျော့ရှူအာနှင့် ဒူဘော့စ် တို့ ယှဉ်ပြိုင်လုရမည်”

(အားကစား) ဇွန် ၂၈

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ဗြိတိန်လက်ဝှေ့သမားတွေဖြစ်ကြတဲ့ ဂျော့ရှူအာနဲ့ ဒူဘော့စ်တို့ စိန်ခေါ်ပွဲထိုးသတ်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဇွန်လ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

IBF ဟဲဗီးဝိတ် တန်း လက်ရှိချန်ပီယံဖြစ်တဲ့ ယူကရိန်းနိုင်ငံသား အူဆက်ခ် က ချန်ပီယံဆုကို လက်လွှတ်မှာဖြစ်တယ်လို့ ပြောကြား ခဲ့ပြီးနောက် ချန်ပီယံလုပွဲကို အခုလိုမျိုး တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

အူဆက်ခ် ကတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီနဲ့ မကျေပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသား ဂျော့ရှုအာ ဟာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာ အူဆက်ခ်ကို ၂ ကြိမ်ဆက် ရှုံးနိမ့်ခဲ့ ပြီးနောက် ကမ္ဘာ့ချန်ပီယံဆုတွေကို လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒူဘော့စ်ကတော့ အခုလ အစောပိုင်းက ထိုးသတ်ခဲ့တဲ့ပွဲမှာ ခရိုအေးရှားနိုင်ငံသား ဟာဂိုဗစ်ကို အနိုင်ယူပြီး IBF ရဲ့ ယာယီဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဂျော့ရှူအာနဲ့ ဒူဘော့စ်တို့ရဲ့ ချန်ပီယံဆုစိန်ခေါ်ပွဲကို လာမယ့် စက်တင်ဘာလ ၂၁ ရက် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။

#PAN