Apple အားကျော်တက်ကာ အချမ်းသာဆုံးဖြစ်လာသည့် နည်းပညာကုမ္ပဏီ Nvidia


(နိုင်ငံတကာ) ဇွန် ၂၉

နာမည်ကျော် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည် Nvidia သည် ဈေးကွက်စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃ ထရီလီယံကျော်အထိ တန်ဖိုးရှိလာခဲ့သည့်အတွက် ကမ္ဘာ့အချမ်းသာဆုံး နည်းပညာကုမ္ပဏီအဖြစ် ရပ်တည်နေခဲ့ကြောင်းသိရသည်။

ယခင် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီအဖြစ် Apple နှင့် Microsoft ကုမ္ပဏီတို့မှ တစ်လှည့်စီ ရပ်တည်နေခဲ့သော်လည်း Nvidia သည် AI နည်းပညာနှင့်ပတ်သက်ပြီး အရေးကြီးသည့် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်၊

Nvidia ကုမ္ပဏီသည် ၁၉၉၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဓိကထုတ်ကုန်များအနေဖြင့် Computer နှင့် အဆင့်မြင့် နည်းပညာများတွင် အဓိကအလိုအပ်ဆုံးဖြစ်သည့် GPUs (Graphics Processing Units) နှင့် software များအား ထုတ်လုပ်ခဲ့ပြီး နည်းပညာလောကတွင် မရှိမဖြစ် ရပ်တည်နေသည့် ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်သည်။

Nvidia ရဲ့၏ hardware များသည် AI နည်းပညာအတွက် ရွှေရောင်အဆင့် (Gold standard) နှင့် ကိုက်ညီကြောင်း သတ်မှတ်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် Nvidia ၏ ရှယ်ယာများ ထောင်တက်သွားခဲ့ပြီး Apple နှင့် Microsoft ကုမ္ပဏီနှစ်ခုလုံးအား ကျော်တက်သွားခဲ့သည်။

ယခုပမာဏရောက်ရှိရန် Nvidia က ရက်ပေါင်းကိုးဆယ်လောက်သာ ကြာမြင့်ခဲ့ပြီး အဆိုပါပမာဏအားရရှိရန် Microsoft အနေဖြင့် ရက်ပေါင်းကိုးရာကျော်ကြာမြင့်မှာဖြစ်ပြီး Apple အနေဖြင့် ရက်ပေါင်းတစ်ထောင်ကျော်ကြာမြင့်နိုင်ကြောင်း ပညာရှင်များ ထုတ်ဖော်ပြောဆိုခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ