“ဗာဂါ ကို ကွင်းအတွင်း ကုသရာမှာ နှောင့်နှေးမှုတွေ မရှိခဲ့ဘူးလို့ UEFA ထုတ်ပြန်”

(အားကစား) ဇွန် ၂၈

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဟန်ဂေရီတိုက်စစ်မှူး ဗာဂါ ကို ကွင်းအတွင်း ကုသရာမှာ နှောင့်နှေး မရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယူရို ၂၀၂၄ အုပ်စု(A) နောက်ဆုံးပွဲစဉ် စကော့တလန်နှင့် ဟန်ဂေရီ ပွဲစဉ်မှာ ပွဲချိန် ၆၇ မိနစ်တွင် ဟန်ဂေရီတိုက်စစ်မှူး ဗာဂါ က ခေါင်းတိုက်ဂိုးသွင်းရန် ကြိုးစားရာ စကော့တလန်ဂိုးသမားနှင့်ထိခိုက်မိပြီး မျက်နှာမှာ အရိုးများစွာ ကျိုးသွားခဲ့ကာ သတိမေ့မြောခဲ့ခြင်းဖြစ်ပါတယ်။

ကွင်းအတွင်း ထိခိုက်ပြီး ဗာဂါ သတိမေ့မြောနေချိန်မှာ ဆေးအဖွဲ့များအနေနဲ့ ကုသမှုပေးရန် နှောင့်နှေးခဲ့ကြောင်း ဟန်ဂေရီအသင်းခေါင်းဆောင် ဆိုဘိုဆလိုင်းနှင့် နည်းပြ မာကိုရိုဆီ တို့က ဝေဖန်ခဲ့ကြပါတယ်။

#PAN