“ရုပ်ရှင်လောကသားများအတွက် အိမ်ရာဖော်ဆောင်ရန် စီစဉ်နေ”

(ပြည်တွင်း) ဇွန် ၂၈

သန်လျင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပိုင် မြေ ၁၀ ဧကပေါ်မှာ ရုပ်ရှင်လောကသားတွေ အတွက် အိမ်ရာနဲ့ စတူဒီယိုတွေဖော်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရပါတယ်။

လက်ရှိမှာ မြေ ၁၀ ဧကပေါ်မှာ အိမ်ရာနဲ့စတူဒီယိုတွေ ဖော်ဆောင်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေး တိုင်ပင်နေပြီး အမြန်ဆုံးဖော်ဆောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊ အိမ်ရာတွေ ဖော်ဆောင် ရာမှာ တန်ဖိုးနည်းအိမ်ရာတွေကို ဦးစီးပေးတည်ဆောက်ဖို့ ဆောင်ရွက်နေသလို တန်ဖိုးမြင့်အိမ်ရာတွေကိုလည်း ဖော်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အကယ်ဒမီချမ်းသာကြည်စိုးက ပြောပါတယ်၊၊

အခုလို အိမ်ရာတွေ ဖော်ဆောင်ဖို့ လုပ်ဆောင်တာဟာ အမှန်တကယ် နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ရုပ်ရှင် လောကသားတွေအတွက်ဖြစ်ပြီး အိမ်ရာတွေကို ပြန်လည်ရောင်းချတာတွေ မပြုလုပ်အောင် စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

#PAN