ရန်ကုန် – ဗီယန်ကျင်း လေယာဉ်ခရီးစဉ်အသစ်ပြေးဆွဲ


(ပြည်တွင်း) ဇွန် ၂၈

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က ရန်ကုန်-ဗီယန်ကျင်း ခရီးစဉ်သစ်ကို ဇွန်လ ၂၅ ရက်ကစပြီး အပတ်စဉ် အင်္ဂါနဲ့ ကြာသာပတေးနေ့တိုင်း ပျံသန်းပြေးဆွဲနေပြီဖြစ်တယ်လို့ အဲဒီလေကြောင်း လိုင်းကနေ သိရပါတယ်။

ရန်ကုန်-ဗီယန်ကျင်းခရီးစဉ်ဟာ ရန်ကုန်ကနေ ညနေ ၅ နာရီမှာ ပျံသန်းထွက်ခွာမှာဖြစ်ပြီး လာအိုနိုင်ငံ ဗီယန်ကျင်း မြို့ကို ဒေသစံတော်ချိန် ည ၇ နာရီမှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

ဗီယန်ကျင်းကနေ ဒေသစံတော်ချိန် ည ၈ နာရီမှာ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြိုကို ည ၁၀ နာရီမှာ ပြန်လည်ဆိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်မှတ်ခ နှုန်းထားတွေကတော့ ခရီးစဉ်တစ်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး သွားရောက်မယ့်ရက်အပေါ်မူတည်ကာ လေယာဉ်လက်မှတ်ခနှုန်းထား အပြောင်းအလဲရှိနိုင်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ လာအိုနိုင်ငံကို အလည်အပတ်နဲ့ အလုပ်အကိုင်အတွက် သွားရောက်မှုတွေရှိ နေတယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ