မြန်မာကျောင်းသား/သူများ ဥရောပသမ္မဂ EU ရဲ့ထောက်ပံ့မှုနဲ့ အာဆီယံတက္ကသိုလ်‌‌များမှာ စရိတ်ငြိမ်းပညာသင် နိုင်ဟုဆို


(နိုင်ငံတကာ) ဇွန် ၂၈

မြန်မာကျောင်းသား/သူများအနေနဲ့ ဥရောပသမ္မဂ EU ရဲ့ ထောက်ပံ့မှုနဲ့ အာဆီယံတက္ကသိုလ်‌‌များမှာ စရိတ်ငြိမ်း ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

စရိတ်ငြိမ်းပညာသင်လိုတဲ့ မြန်မာ‌ကျောင်းသား၊ ကျောင်းသူများကို ဗီဇာ/ပါမစ်၊ နိုင်ငံတကာခရီးသွား စရိတ်များ၊ သင်တန်းကြေး၊ တက္ကသိုလ်ဝင်ကြေးနှင့် အာမခံကြေးအပြင် လစဉ်ပညာသင်ဆု ယူရို‌ငွေ 500 ပေးအပ်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားမှာ ပညာတော်သင်ဆုနှင့် စရိတ်ငြိမ်းပညာသင်လိုတဲ့ မြန်မာကျောင်းသား/သူများအနေနဲ့ EMPM ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အဆိုပါ ပညာသင်ဆုလျှောက်ထားသူများအနေနဲ့ ပညာသင်နေစဉ်ကာလအတွင်း အောင်မြင်စွာပြီးမြောက် ပါက အာဆီယံနိုင်ငံတက္ကသိုလ်များရဲ့ ကမ်းလှမ်းထားတဲ့ မေဂျာများနှင့် ၎င်းတိုရဲ့ လက်ရှိမေဂျာများနှင့် တူညီမျှတတဲ့ ဘာသာရပ်နယ်ပယ်များအတွက် လျှောက်ထားနိုင်ပြီး ဘွဲနှင့်‌မဟာဘွဲအတွက် ငွေကြေးထောက်ပံ့မှုရရှိမည် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ လျှောက်လွှာများကို စတင်လက်ခံနေပြီး ဇူလိုင်လ ၂ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ