“ဘယ်လင်ဟမ် ကို လှောင်ပြောင်ဝေဖန်ခဲ့ကြတဲ့ အင်္ဂလန်အသင်းပရိသတ်များ”

(အားကစား) ဇွန် ၂၈

အင်္ဂလန်ပရိသတ်များက အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ကို လူမှုကွန်ရက်များမှာ လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဘယ်လင်ဟမ် က ဆားဘီးယား ကို အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ် က ဒိန်းမတ်နှင့် သရေကျတဲ့ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့သလို၊ ဆလိုဗေးနီးယားနှင့် သရေကျတဲ့ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် အင်္ဂလန်အသင်းပရိသတ်က ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြီး အော်ဟစ်ဝေဖန်မှုူတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

#PAN