ပင်လယ်နီတွင် ကုန်တင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရ


(နိုင်ငံတကာ) ဇွန် ၂၈

ယီမင်ကမ်းလွန်ရှိ ပင်လယ်နီအတွင်း မောင်းနှင်နေသည့်ကုန်တင်သင်္ဘောတစ်စင်းသည် ဇွန်လ ၂၇ ရက် တွင် တိုက်ခိုက်ခံရကြောင်း ဗြိတိန်လုံခြုံရေးကုမ္ပဏီတစ်ခုက ထုတ်ပြန်သည်။

အဆိုပါ ကုန်တင်သင်္ဘောသည် ယီမင်နိုင်ငံ အနောက်ပိုင်း ဟိုဒေးဒါဆိပ်ကမ်းမှ ရေမိုင် ၈၄ မိုင်အကွာတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သင်္ဘောပေါ် တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဗြိတိန်လုံခြုံရေးကုမ္ပဏီ Ambrey က ပြောသည်။

တိုက်ခိုက်ခံရသည့် သင်္ဘောသည် ဆော်ဒီအာရေဗျနိုင်ငံ ဒမ်မမ်မြိုသို မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။ သိုသော် အဆိုပါသင်္ဘောကို မည်သည့်အဖွဲအစည်းက တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်း မရှိပေ။

ယီမင်အခြေစိုက် ဟူသီသူပုန်များ၏တိုက်ခိုက်မှုများကြောင့် ပင်လယ်နီအတွင်းရှိ နိုင်ငံတကာ ရေကြောင်း သွားလာရေးမှာ အဟန့်အတားနှင့် ရင်ဆိုင်နေရသည်။ ဟူသီသူပုန်အဖွဲသည် တိုက်ခိုက်မှုများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများကြောင့် အချို ကုန်တင်သင်္ဘောများမှာ ပင်လယ်နီကို ရှောင်ရှား၍ အာဖရိကဒေသ တောင်ပိုင်းစွန်းမှ သွားလာရခြင်းကြောင့် ခရီးအကွာအဝေး ပိုမိုများပြားလာကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ