နှစ် ၂၀ လုံးလုံး ဘာအလုပ်မှ မလုပ်ရဘဲ လစာပေးထားနေခြင်းကြောင့် ကုမ္ပဏီကို တရားစွဲ


(နိုင်ငံတကာ) ဇွန် ၂၉

ပြင်သစ်နိုင်ငံတွင် နှစ် ၂၀ လုံးလုံး မည်သည့်အလုပ်မျှ မလုပ်ရဘဲ လစာပေးနေခြင်းကြောင့် ဝန်ထမ်းတစ်ဦးမှ ပြင်သစ်ဆက်သွယ်ရေးကုမ္ပဏီ Orange အား တရားစွဲခဲ့ကြောင်းသိရသည်။

အတိုပါဝန်ထမ်းအမျိုးသမီးသည် ကုမ္ပဏီအားစိတ်ဓာတ်ပျက်ပြားအောင် လုပ်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုပုဒ်မများနှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လောရင့်ဗန်ဝက်ဆန်ဟော့အမည်ရှိ အဆိုပါအမျိုးသမီးသည် ၁၉၉၃ ခုနှစ်မှစတင်ကာ ပြင်သစ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီတွင် အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် Orange ကုမ္ပဏီမှ အဆိုပါလုပ်ငန်းအား လွှဲပြောင်းယူခဲ့ပြီး ကုမ္ပဏီဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်နေသူလည်းဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေအရ လုပ်ငန်းတာဝန်မပေးအပ်ပဲ သင့်တော်ရာနေရာတွင် ခန့်ထားပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝက်ဆန်ဟော့သည် ခွဲခြားဆက်ဆံမှု ဆန့်ကျင်တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့ထံ တိုင်ကြားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီဘက်မှ အဆိုပါပြဿနအား ဖြေရှင်းရန် စေ့စပ်ညှိနှိုင်းသူတစ်ဦး ငှားရမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိပဲ ပိုမိုဆိုးဝါးလာခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ