ဒေါ်နယ် ထရမ့်ပ်မှ အမေရိကန်၏ လက်ရှိသမ္မတဂျိုးဘိုင်ဒန်အား ဂါဇာဒေသနှင့် ယူကရိန်းရှိ စစ်ပွဲတို့သည် ဂျိုးဘိုင်ဒန် ရဲ့ အမှားသာဖြစ်တယ်လို့ စွပ်စွဲ

(နိုင်ငံတကာ) ဇွန် ၂၈

ဇွန်လ ၂၇ ရက် ကြာသပတေးနေ့ သမ္မတရွေးကောက်ပွဲ စကားရည်လုပွဲတွင် ယခင်သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ပ်က လက်ရှိသမ္မတဖြစ်သူ ဂျိုးဘိုင်ဒန်သည် ဟားမတ်အဖွဲ့အား အပြီးသတ်ခြေမှုန်းရန် ဘိုင်ဒန်မှ အစ္စရေး တို့အား တားဆီးနေကြောင်းပြောဆိုလိုက်သည်။

ဘာ့ကြောင့်ဒီမေးခွန်းကအရေးပါပါသလဲ?

ထရမ့်ပ်ရဲ့ပြောဆိုမှု​သည် အစ္စရေး အရေးအခင်းတွင် အပြစ်အခတ်ရပ်စေရန်နှင့် လက်နက်တင်ပို့မှုကိုပါ ရပ်ဆိုင်းထားစေခဲ့သော ဂျိုးဘိုင်ဒန်၏ လုပ်ရပ်များအပေါ်  ​အစ္စရေး ထောက်ခံအားပေးသူများ၏ ဝေဖန်မှုများစွာ၏ ပဲ့တင်သံတစ်ခုပဲဖြစ်ပါသည်ဟုသုံးသပ်နိုင်သည်။

သတင်းအရဆိုရလျှင် ဂါဇာကမ်းမြောင်ဒေသနှင့် ယူကရိန်းတို့တွင် ဖြစ်ကွားနေသော စစ်ပွဲများအကြောင်းကို အထူးဆွေးနွေး စကားရည်လုခဲ့ကြပါသည်။

ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်မှ သမ္မတဂျိုးဘိုင်ဒန်၏ နိုင်ငံရေး ပေါ်လစီများ သည် အဆိုပါ စစ်ပွဲ ၂ ခုကိုဖြစ်စေပြီး ထရမ့်ပ်သာ သမ္မတဖြစ်ပါက ဒါမျိုးစစ်ပွဲများမဖြစ်နိုင်ဟု တိုက်ခိုက်ပြောဆိုခဲ့သည်။

သူတို့ဘာတွေပြောခဲ့ကြသလဲ?

ဘိုင်ဒန်မှ “Hostage and cease fire deal”နှင့် ပတ်သတ်၍ အဆိုတင်သွင်းခဲ့ပြီး ဟားမက်စ်အဖွဲ့ကသာစစ်ပွဲဆက်လက်ရှိစေလိုကြောင်း၊ အစ္စရေးကို ပေါင် ၂၀၀၀ ဗုံးများမှလွဲ၍ အခြား အကူအညီများပေးခဲ့ကြောင်း ပေါင် ၂၀၀၀ ဗုံးများသည် မြို့ပြတိုက်ပွဲများတွင် ပြည်သူများကိုထိခိုက်စေသည့် အန္တရာယ်ရှိကြောင်း၊ ဒါ့အပြင် အီရန်ရဲ့တိုက်ခိုက်မှုကိုလဲ အမေရိကန်အနေဖြင့် တစ်ကမ္ဘာလုံးနဲ့အတူ အစ္စရေးဖက်မှ နေရပ်တည်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဟားမက်သူပုန်အဖွဲ့အနေနဲ့ အကျအဆုံးများစွာရှိခဲ့ပြီး အပြီးသတ်ချေမုန်းသင့်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်ပ် ရဲ့အနေနဲ့ကတော့ အစ္စရေးကသာ စစ်ပွဲကိုဆက်တိုက်ချင်နေတာဖြစ်ပြီး ဘိုင်ဒန်ဟာ အစ္စရေးခေါင်းဆောင်တွေကိုထိန်းချုပ်ထားကြောင်း၊ ဘိုင်ဒန်အနေဖြင့် အစ္စရေးတွေကိုလွှတ်ပေးထားသင့်ကြောင်း သူတို့ ကိုထိန်းချုပ်မထားပဲ စစ်ပွဲကို အမြန်ပြီးစေလိုကြောင်း၊ ထိုသို့ အစ္စရေးကိုထိန်းချုပ်သည်ကလဲ ဘိုင်ဒန်သည် ပါလက်စတိုင်း လူမျိုး တစ်ဦးလိုတွေးနေခြင်း၊ ဖြစ်နိုင်ကြောင်း၊ ပါလက်စတိုင်းလူမျိုးဖြစ်လာလျှင်တောင် အားနည်းတဲ့ ဘိုင်ဒန်ကိုတော့ ပါလက်စတိုင်းတွေက သဘောကျမှာမဟုတ်ကြောင်း၊ ပါလက်စတိုင်းပြည်နယ် တည်ထောင်ခြင်း ကို ထောက်ခံသလားဟု မေးရာတွင် ထရမ့်မှ စောင့်ကြည့်ရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ထရမ့်ပ်ကဆက်လက်ပြီး ယူကရိန်းအရေးနှင့်ပတ်သတ်၍ အထူးသဖြင့် အမေရိကန်၏ ယူကရိန်းအပေါ် စစ်လက်နက်အကူအညီများနှင့်ပတ်သတ်၍ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။

ထရမ့်ပ်မှ အကယ်၍ သူသာ သမ္မတနေရာရွေးကောက်ခံခဲ့ရပါက သမ္မတမဖြစ်ခင် ကူးပြောင်းကာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဇာလင်စကီး တို့ကို စစ်ပွဲရပ်ရန် စီစဥ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဂျိုးဘိုင်ဒန်မှလဲ ထရမ့်ပ်၏ ပေါ်လစီကြောင့် ရုရှား ယူကရိန်း စစ်ပွဲတွင် ရုရှားသည် အနိုင်ရသွားပြီး နောက်နောင်အခြားနိုင်ငံတွေကို ကျူးကျော်ရန် ပူတင်ကိုအားပေးသလို ဖြစ်နေကြောင်း ပြန်ချေပခဲ့သည်။

ဘိုင်ဒင်မှ ဆက်လက်ပြီး “ဒီလောက်အထိ တုံးအအအကြံကို တစ်ခါမှမကြားဖူးဘူး သူဘာပြောနေတာသူမသိဘူးထင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဇွဲ(Hydro)

PAN