ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တတ်အားသရွေ့ကူညီမည်ဟု အိန္ဒိယပြော


(နိုင်ငံတကာ) ဇွန် ၂၈

ဇွန်လ ၂၆ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့က တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တတ်အားသရွေ့ ကူညီမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း တိုးမြင့်လာတဲ့ ပဋိပက္ခများရဲ့ အကျိုးဆက်များနှင့် ပတ်သက်ပြီးလည်း စိုးရိမ်ပူပင်မိကြောင်း အလေးထားပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းကို Mr. Subrahmanyam Jaishankar ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရန်အတွက် ၎င်းအနေနဲ့ မည်သည့်နည်းနှင့်မဆို အကူအညီပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ အိန္ဒိယစီမံကိန်းများအတွက် အကာအကွယ်ပေးရေး ကတိကဝတ်များအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံ၌ပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲမှအပြန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ခရီးတထောက်နားချိန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ