ထိုင်းက ဘတ်သန်း ၄၀၀ လျော်ကြေးတောင်းထားတဲ့ အယ်စေးဝါးရဲ့ တပ်မဟာဖြစ်တဲ့ တပ်မဟာခြောက်က နိုင်ငံ့ဝန်ထမ်းတွေ နှုတ်ထွက်ဖို့ စာထုတ်

(အကြမ်းဖက်မှု) ဇွန်လ ၂၈

ဌာနဆိုင်ရာတွေမှာတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းအားလုံး နှုတ်ထွက်ဖို့ KNU တပ်မဟာ ၆ က စာထုတ်ပြောဆိုလိုက်သည်။

၎င်းတို့ထုတ်ပြန်စာတွင် ဒူးပလာယာခရိုင် အမှတ်(၆)တပ်မဟာနယ်မြေအတွင်း ယခုလက်ရှိ အချိန်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှပ်ထွေးမှုများစွာ ဖြစ်ပေါ်လျက်ရှိပြီး ခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှပ်ထွေးမှုမရှိစေရန် ဒူးပလာယာခရိုင် အမှတ်(၆)တပ်မဟာနယ်မြေအတွင်း စစ်ကောင်စီ (SAC)လက်အောက်ခံဌာနအသီးသီးတွင် အမှုထမ်းလျက်ရှိသော ဝန်ထမ်းများအားလုံး နှုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန် (သို့မဟုတ်) မိမိတို့နှင့်အတူပူးပေါင်းမှုပြုလုပ်ရန်နှင့် စစ်ကောင်စီ(SAC)ကိုအားပေး ၊ ထောက်ခံ ၊ ကူညီသောမည့်သည့်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

ယင်းအပြင် ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှူမရှိပါကအဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်သည်ဟု ရေးသားထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ ၆ အတွင်းမှာ အကြမ်းဖက်သမားများဖြစ်သည့် PDF အများအပြားခိုလုံ​ခွင့်ပေးထားသကဲ့သို့ တပ်မဟာ ၆ လက်အောက်ခံ စောစေးဝါးဦးဆောင်သည့် Lion battalion commando ဗဟာ စစ်ကြောင်းကဲ့သို့သော သောင်းကျန်းသူအများအပြားလှုပ်ရှားနေသည်။

ပြီးခဲ့သည့် ချောင်းနှစ်ခွတိုက်ပွဲအတွင်း၌ KNU တပ်မဟာ ၆ လက်အောက်ခံ စောစေးဝါးဦးဆောင်သည့် Lion battalion commando ဗဟာ စစ်ကြောင်းမှ ထိုင်းဘုရင်ပိုင်ဆိုင်သည့် မော်လမြိုင်ဘိလပ်မြေစက်ရုံမှ မော်တော်ယာဥ်များ၊ စက်ရုံအတွင်းမှပစ္စည်းများအား ယူဆောင်အလွဲသုံးစားပြုခဲ့သည့်အတွက် လျော်ကြေးငွေ ဘတ်သန်း ၄၀၀ပေးဆောင်ဖို့ ထိုင်းအစိုးရက KNU ထံစာထုတ်တောင်းဆိုထားသည်။

#PAN