တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တိုက ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ် စတင်


(နိုင်ငံတကာ) ဇွန် ၂၈

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတိုသည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ဇွန်လ ၂၇ ရက် တွင် စတင်လိုက်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့် မှုကို Freedom Edge ဟု အမည်ပေးထားပြီး စစ်ရေးလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးကျည်၊ လေကြောင်းရန် ကာကွယ် ရေး စနစ်များ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်မှုများနှင့် ဆိုက်ဘာကာကယ်ရေးဆိုင်ရာ လေ့ကျင့်မှု များကို အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုစတင်ခဲ့သည့် Freedom Edge ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၂၉ ရက်အထိ လုပ်ဆောင်မည်ဖြစ်ပြီး အမေရိကန်က ၎င်းတို၏ နျူကလီးယားစွမ်းအင်သုံး USS Theodore Roosevelt လေယာဉ်တင် သင်္ဘော၊ ဂျပန် နိုင်ငံမှ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောနှင့် တောင်ကိုရီးယားမှ KF-16 တိုက်လေယာဉ်နှင့် အခြားလက်နက် ပစ္စည်းများပါဝင်ကြောင်း သိရသည်။

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတိုမှ ခေါင်းဆောင်များသည် ၎င်း တိုကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ကျင်းပရန် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေး ပွဲ၌ သဘောတူခဲ့ကြကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Webpage >>…
https://positiveanglenews.com/2024/06/28/မြန်မာကျောင်းသား-သူများ/

VK Link>>…
https://vk.com/wall-220066330_6888

Telegram>>…
https://t.me/positiveanglenews

PAN

SZ