ချမ်းအေးသာစံမြို့နယ်၊The Link Hotel ရှေ့တွင် မသင်္ကာဖွယ် အထုပ် ၁ထုပ်တွေ့ရှိ


(ပြည်တွင်း) ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၃ လမ်း၊ ၂၇×၂၈ လမ်းကြားရှိ ရိုးမဘဏ်တောင်ဘက် The Link Hotel အရှေ့ ပလက်ဖောင်းဘေးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အဝါရောင်တိပ်ဖြင့် ပတ်ထားပြီး အနီရောင်/အဝါရောင် ဝါယာကြိုးစ ၂ ခုပါရှိသော မသင်္ကာ ဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရိုးမဘဏ်လုံခြုံရေး ဝန်ထမ်းဖြစ်သူမှ အဝါရောင်တိပ်ဖြင့် ပတ်ထားပြီး အနီရောင်/အဝါရောင် ဝါယာကြိုးစ ၂ ခုပါရှိသော မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ပြီး အခင်းဖြစ်နေရာအား စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ယာဉ်သွားလာရာ လမ်းကြောင်းများ လွှဲပေးခြင်းများနှင့်ကန့်သတ်မှုများ ဆောင်ရွက်ပြီး စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်းသို့ ဆက်သွယ် အကြောင်းကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိသည့်နေရာသို့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ မိုင်းရှင်းလင်းရေးအဖွဲ့ ရောက်ရှိလာပြီး မသင်္ကာဖွယ်အထုပ်အား ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဓါတ်ခဲဟောင်းအပြာရောင် ၂ လုံးနှင့် ဝါယာကြိုး အပြာ/အနက်/အနီရောင် အပိုင်းအစများအား တွေ့ရှိရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ