ကချင်ပြည်နယ်၊ မြေရှားသတ္တုလုပ်ကွက်မှ ဝန်ထမ်းတန်းလျားမြေပြိုကျ၍ လူပေါင်း ၃၀ ကျော်ပျောက်ဆုံး

(ပြည်တွင်း) ဇွန် ၂၈

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်၊ချီဖွေ၊ ပန်ဝါဒေသ ပန်ဝါမြို့၊ ငိလော့ကျေးရွာရှိ မြေရှားသတ္တုလုပ်ကွက်မှ ဝန်ထမ်းတန်းလျားတည်ဆောက်ထားသောနေရာတွင် မြေပြိုမှုဖြစ်ပွားခဲ့၍ လူ ၃၀ ဦးကျော်(အတိအကျမသိရှိရ)ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယင်းဖြစ်ပေါ်မှုတွင် ကုမ္ပဏီဘက်က ပျောက်ဆုံးသူများကို စက်ယန္တယားများဖြင့်ရှာဖွေခဲ့ရာ ယမန်နေ့က နောက်ဆုံးနေ့အဖြစ် ဆက်လက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ရှာဖွေရာ ပျောက်ဆုံးသူများရှာဖွေတွေ့ရှိရသည့်အခြေအနေမှာ ပျောက်ဆုံးနေသူများထဲမှ အမျိုးသမီး ၇ ဦး၏ ရုပ်အလောင်းများအပါအဝင် ၃၀ ဦးခန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးကြောင်း ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့သည် ကုမ္ပဏီမှနောက်ဆုံးနေ့အဖြစ် ရှာဖွေခြင်းလည်းဖြစ်ကြောင်းသိရသည်။

ထိုသို့သေဆုံးခဲ့သူများအတွက် ၁ ဦးလျှင် တရုတ်ငွေခြောက်သောင်းကျော် ကာလပေါက်ဈေးကျပ်သိန်း ၃၅၀ ခန့်ပေးလျှော်သည်ဟုလည်း ကောလာဟလ သတင်းများထွက်ပေါ်နေသည့်ကိုလည်းဒေသခံများထံမှသိရှိရသည်။

#PAN

#GE