“ကက်စမဲရိုး ရဲ့ နေရာမှာအစားထိုးဖို့အတွက် အူဂါတေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်း”

(အားကစား) ဇွန် ၂၈

မန်ယူအသင်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ကက်စမဲရိုး ရဲ့နေရာမှာ အစားထိုးရန်အတွက် PSG ကွင်းလယ်ကစားသမား အူဂါတေး ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီကုန်မှာ နောက်ခံကစားသမား ဗာရန်း၊ တိုက်စစ်မှူး မာရှယ်လ်တို့နှင့် လမ်းခွဲထားပြီး အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကက်စမဲရိုး ကိုလည်း ယခုနွေရာသီမှာ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းအနေနဲ့ ကက်စမဲရိုး ကို ရောင်းထုတ်ဖြစ်ခဲ့ပါက ၎င်းရဲ့နေရာမှာ အစားထိုးရန် အူဂါတေးကို ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။

#PAN