MMA ဖိုက်တာ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ အာဒိုဂန် တို့ယှဥ်ပြိုင်ထိုးသတ်မည်


(နိုင်ငံတကာ) ဇွန် ၂၇

ပြိုင်ပွဲများနှင့် တစ်နှစ်ကျော်ကြာဝေးကွာနေသည့် MMA ဖိုက်တာ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ အာဒိုဂန်တို့ စက်တင်ဘာ ၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့၌ ကျင်းပပြုလုပ်မည့် ONE 168 ပြိုင်ပွဲတွင် ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၃ ပွဲထိုးသတ်ထားပြီး ပွဲ ၃၀ နိုင်ရရှိပြီး ၁၃ ပွဲ ရှုံးနိမ့်ထားကြောင်း ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာ အသက် ၃၃ နှစ်အရွယ်ရှိကာ MMA ပြိုင်ပွဲ ၉ ပွဲတွင် ၉ ပွဲ အနိုင်ရရှိထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ