“IBF ဟဲဗီးဝိတ်ချန်ပီယံဆု ပြန်အပ်မယ်လို့ အူဆက်ခ် ပြောကြား”

(အားကစား) ဇွန် ၂၇

အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းတွေရဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံပြီး ၅ ပတ်အကြာမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ် ဟာ သူ့ရဲ့ချန်ပီယံဆု ၄ ခုထဲက IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်အပ်မှာဖြစ်တယ်လို့ အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

အခုလအစောပိုင်းက ထိုးသတ်ခဲ့တဲ့ပွဲမှာ ဗြိတိန်နိုင်ငံသား ဒူဘော့စ် က ခရိုအေးရှားနိုင်ငံသား ဟာဂိုဗစ် ကို အနိုင်ယူပြီး IBF ရဲ့ ယာယီဟဲဗီးဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့ပြီးနောက် အူဆက်ခ် ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် အူဆက်ခ် က ဒီဇင်ဘာလမှာထိုးသတ်မယ့် တိုင်ဆန်ဖြူရီ နဲ့မကျေပွဲ မတိုင်ခင်မှာ အခုလိုမျိုး ကမ္ဘာ့ချန်ပီယံဆုတစ်ခုကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အူဆက်ခ် အနေနဲ့ ၂၀၂၁ ခုနှစ်ကတည်းက IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး သတင်းတွေအရ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဖို့အတွက် ဗြိတိန်နိုင်ငံသား ဂျော့ရှူအာ နဲ့ ဒူဘော့စ်တို့ ထိုးသတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အူဆက်ခ် ဟာ ပြီးခဲ့တဲ့မေလက ဆော်ဒီမှာထိုးသတ်ခဲ့တဲ့ပွဲမှာ တိုင်ဆန်ဖြူရီ ကိုအနိုင်ရခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေအားလုံးကို ပိုင်ဆိုင်တဲ့ ပထမဆုံး လက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။

#PAN