AI ပြေးလမ်းသို့ ဝင်ရောက်ရန် အစ္စရေးစူပါကွန်ပျူတာ တည်​ဆောက်မည်


(နိုင်ငံတကာ) ဇွန် ၂၇

AI နှင့်ပတ်သက်၍ အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်ရန် အစ္စရေးအနေဖြင့် စူပါကွန်ပျူတာတစ်လုံး တည်ဆောက်သွားမည်ဟုသိရသည်။

အစ္စရေးနိုင်ငံအနေဖြင့် နည်းပညာရပ်ဝန်းတွင် ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်နိုင်ရေး ယခုကဲ့သို့ ဆောင်ရွက်ရမည်ဟု အစ္စရေး တီထွင်ဖန်တီးမှုအာဏာပိုင်အဖွဲ့မှဆိုသည်။

အစ္စရေးနိုင်ငံသည် AI နည်းပညာအတွက် ဒေါ်လာ သန်း ၂၅၀ သုံးစွဲထားပြီး နိုင်ငံ၏ ဝင်ငွေ ၂ ရာခိုင်နှုန်းသည် နည်းပညာမှ ရရှိသည့် ဝင်ငွေများဖြစ်ကြောင်း အဆိုပါအဖွဲ့၏ အကြီးအကဲ Dror Bin က ဆိုသည်။

အစ္စရေးစစ်တပ်သည် AI နည်းပညာပါဝင်သည့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ထားပြီး ဂါဇာကမ်းမြောင်ဒေသစစ်ပွဲများတွင်လည်း အသုံးပြုမှုရှိကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ