“အိစ်ဘောင်းပြိုင်ပွဲမှာ နိုင်ပွဲနဲ့စတင်ခဲ့တဲ့ ရာဒူကာနူ”

(အားကစား) ဇွန် ၂ရ

အင်္ဂလန်နိုင်ငံ အိစ်ဘောင်းမြို့မှာကျင်းပနေတဲ့ အိစ်ဘောင်းနိုင်ငံတကာ တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ က အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

ပထမအဆင့်ပွဲအဖြစ် ရာဒူကာနူနဲ့ အမေရိကန်တင်းနစ်မယ် စတီဖန် တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း ၂ ဦး ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ရာဒူကာနူက သူ့ရဲ့ အကောင်းဆုံးလက်စွမ်းနဲ့အတူ စတီဖန်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၁ နာရီနဲ့ ၁၆ မိနစ်ကြာပြီးနောက် ရာဒူကာနူ က ၆း၄ ၊ ၆း၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

#PAN