အမေရိကန်၏ ရေငုပ်သင်္ဘောဒရုန်းအား Google Map တွင် ရှာဖွေတွေ့ရှိ


(နိုင်ငံတကာ) ဇွန် ၂၇

Manta Ray ဟုအမည်ပေးထားသည့် အမေရိကန်၏ ရေငုပ်သင်္ဘောဒရုန်းအား Google Map တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Google Map တွင် ရှာဖွေသူများမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြေပုံအား ဂြိုလ်တုမှတ်တမ်းတင်ချိန်တွင် ရိုက်ကူးမိခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ Port Hueneme ရေတပ်စခန်းတွင် ဆိုက်ကပ်ထားသည့် အဆိုပါ ရေငုပ်သင်္ဘောငယ်၏ ဓာတ်ပုံသည် အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့သွားချိန် အဆိုပါနေရာမှ သင်္ဘောအားဖယ်ရှားခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောအား ရေအောက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှာများအား ထောက်လှမ်းနိုင်ရန် Northrop Grumman Corporation မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

Northrop Grumman Corporation သည် အချိန်အတန်ကြာအထိ အဆိုပါယာဥ်၏ ရှေ့ပြေးဒီဇိုင်းများအား လျှို့ဝှက်ထားသော်လည်း ယခုအခါ ၎င်းရေအောက်ဒရုန်း၏ စွမ်းရည်အား ပြသသည့် ရုပ်သံအချို့ကို ထုတ်ဖော်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ